Monday, October 24, 2016
NLD ရှမ်းပြည်နယ်ကိစ္စ ဦးဝင်းထိန်ကို ပါတီဗဟိုစစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေး . . RFA ရုပ်သံလင့်ခ်
https://www.facebook.com/rfaburmese/videos/10154832001413128/
ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးနဲ့ တောင်ကြီးခရိုင် NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုး အပါအဝင် ၄ ဦးကို ပါတီကနေ ဖယ်ရှားလိုက်တာနဲ့ ပတ်သက်ပြီး ဗဟိုအတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်ကို ပါတီဗဟိုက ဖွဲ့စည်းထားတဲ့ စုံစမ်း စစ်ဆေးရေးကော်မရှင်က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ ပါတယ်။ ဒေါ်ခင်မိုးမိုးကို ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ နေရာကနေ ဖယ်ရှားခဲ့တဲ့ အကြောင်းရင်းနဲ့ တွေ့ရှိထားတဲ့ ပြစ်ချက်တွေကို တင်ပြခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ NLD စုံစမ်းစစ်ဆေးရေးကော်မရှင် မှာ အဖွဲ့ခေါင်းဆောင် ဦးတင်ထွဋ်ဦးနဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်လဲ့လဲ့တို့ ပါဝင်ပါတယ်။ ရှမ်းပြည်နယ်က ဒေါ်ခင်မိုးမိုး၊ ဦးတင်မောင်တိုး၊ ဒေါ်မီးမီးနဲ့ ဒေါ်ယူမီဇော်တို့ လေးဦး ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး စစ်ဆေးတာ နှစ်ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ဦးဝင်းထိန်ဘက်က သက်သေတွေအဖြစ် တင်သွင်းထားတဲ့ ဦးစိုင်းဆမ်ခပ်၊ ဦးဖုန်းမောင်၊ ဦးနေမျိုး၊ ဦးဇော်မင်းလတ်၊ ဒေါက်တာဒေါ်သန်းငွေနဲ့ ဒေါ်စမ်းစမ်းမော်တို့ရဲ့ ထွက်ဆိုချက်တွေကို ဆက်ပြီး စစ်ဆေးမယ်လို့ သိရပါတယ်။
Labels:
ပါတီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment