Tuesday, September 13, 2016
၁၁.၉.၂၀၁၆ ဗိုလ်စိန်မှန်ကွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု . . (ရုပ်သံ) . .
https://web.facebook.com/rfaburmese/videos/10154679037603128/
ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ဒီကနေ့ အမျိုးသာရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်ရှုတ်ချပွဲကျင်းပရာမှာ ဗိုလ်စိန်မှန်ရပ်ကွက်နေပြည်သူတချို့နဲ့ ပွဲစီစဉ်သူတွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့အင်အား ၂၀ လောက်က ၀င်ရောက်တားဆီးခဲ့ပါတယ်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရပ်ကွက်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ဗွီဒီယို မှတ်တမ်းတွေကို မီဒီယာတွေပေါ်မှာ မပြန့်နှံ့စေဖို့ဆိုပြီး သတင်းမီဒီယာသမား တွေထံက ကင်မရာတွေကို လုယူတာတွေပါရှိခဲ့ပါတယ်။
ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ သတင်းမီဒီယာသမား ၁ ဦး အထိုးခံရပါတယ်။
ရိုက်ကူး - သီဟထွန်း၊ ထက်အာကာ၊ အောင်သိင်္ခ/ RFA
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment