Tuesday, September 27, 2016
ရှမ်းပြည်နယ် အန်အယ်လ်ဒီခေါင်းဆောင်ပိုင်း အဖြုတ်ခံခဲ့ရသည့်ကိစ္စ စုံစမ်းဖော်ထုတ်မည် . . .
ရှမ်းပြည်နယ် တောင်ကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းကို ဖြုတ်ထုတ်တဲ့ကိစ္စ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့က ပြောဆိုလိုက်ပါတယ်။
ပါတီအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ရဲ့အမိန့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး အပါအ၀င် အမှုဆောင်တချို့ကို စက်တင်ဘာလဆန်းပိုင်းက တာဝန်ကနေ အနားပေးလိုက်ပြီး အမှုဆောင်သစ် ၅ ဦး အစားထိုး ခန့်အပ်ခဲ့တဲ့ကိစ္စကို အမှန်တရား ပေါ်ပေါက်လာတဲ့အထိ စုံစမ်းဖော်ထုတ်သွားမယ်လို့ ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီ တောင်ကြီးကပုဂ္ဂိုလ်တွေ ကျူးလွန်တယ်ဆိုတဲ့ကိစ္စ၊ သူတို့အပြစ်ပြောတဲ့ကိစ္စ။ အဲဒါတွေက ဘယ်လောက်မှန်သလဲဆိုတာ ကျနော်တို့ နည်းလမ်းတကျ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုပါမယ်။ ဒီလိုလုပ်မယ်ဆိုရင် စုံစမ်းစစ်ဆေးမှုရှိတဲ့ စွပ်စွဲမှုဆိုရင် ပြည်သူက လက်ခံပါတယ်။ စုံစမ်းစစ်ဆေးမှုမရှိတဲ့ ပြုလုပ်မှုဆိုရင်တော့ လက်မခံကြပါဘူး။”
တောင်ကြီးကိစ္စကို ပြန်လည်ပြုပြင်တာမျိုးတွေ မလုပ်ရင် ပြည်သူတွေရဲ့ ယုံကြည်မှုတွေ အများကြီး ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။
ဦးဝင်းထိန်ကတော့ ရှမ်းပြည်နယ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကို အန်ဂျီအိုနဲ့ စီအက်စ်အိုတို့မှာ ပါဝင်နေတဲ့အတွက်ကြောင့် ဖယ်ရှားလိုက်တာဖြစ်တယ်လို့ မီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။
ဦးဝင်းထိန်ရဲ့ စွပ်စွဲချက်တွေက ခိုင်ခိုင်မာမာ မရှိဘူးလို့ ထုတ်ပယ်ခံရတဲ့ ဒေါ်ခင်မိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
“၈ ရက်နေ့က အဖွဲ့ချုပ်ဗဟိုကို ဆင်းပြီးတော့ ၉ ရက်နေ့မှာ စာတင်ခဲ့ပါတယ်။ ဒါ ဦးဝင်းထိန်ရဲ့ စွပ်စွဲချက်တွေက မဟုတ်မမှန်ဘူး။ ဟုတ်မှန်တယ်ဆိုရင်လည်း သူ့ဘက်က သက်သေပြဖို့ တာဝန်ရှိတယ်။ ဆိုပါတော့၊ ကျမကို စွပ်စွဲတယ်။ ကျမက အန်ဂျီအိုမှာလုပ်တယ်။ ဟုတ်ပြီ၊ အန်ဂျီအိုမှာ လုပ်တယ်ဆိုရင် ဘယ်အန်ဂျီအိုမှာလုပ်လဲ၊ ဘယ်တုန်းက ဘယ်တာဝန်တွေ ယူခဲ့သလဲ။ ဒါတွေကို ရှင်းလင်းပြောပြဖို့ သူ တာဝန်ရှိတယ်။ အဲဒီလိုပဲ အက်စ်ဘီအဖွဲ့တွေကို ကျမတို့ အစည်းအဝေးတွေမှာ ၀င်ထိုင်ခိုင်းတယ်လို့ သူစွပ်စွဲပါတယ်။ အဲဒါနဲ့ပတ်သက်လို့ဆိုရင်လည်း သူက ဘယ်အစည်းအဝေးမှာ၊ ဘယ်တုန်းက ၀င်ထိုင်လဲ၊ ဘယ်သူဝင်ထိုင်လဲ။ ဒါကို သူ အထောက်အထားနဲ့ပြောပြဖို့ တာဝန်ရှိပါတယ်။”
ဒေါ်ခင်မိုးမိုးနဲ့ အမှုဆောင်တချို့ကို တာဝန်ကနေ အနားပေးခဲ့တဲ့ကိစ္စဟာလည်း ဦးဝင်းထိန်ရဲ့ အမြင်သက်သက်နဲ့ပဲ ဆောင်ရွက်ခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ထပ်လောင်းပြောပါတယ်။
“စီအီးစီသဘောတူညီချက်နဲ့ ဆောင်ရွက်တာ မဟုတ်ပါဘူး။ ဦးဝင်းထိန်က သူ့အမြင်နဲ့ သူရတဲ့သတင်းအပေါ်မှာ သူ ဆောင်ရွက်တာပါ။”
အခုလို ပါတီက စုံစမ်းစစ်ဆေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ ဦးဝင်းထိန်ကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဘာမှ ပြောစရာမရှိသေးဘူးလို့ ပြောပါတယ်။
-------------------------------------------------------------------------
News : လင်းဆက်အောင်(DVB)
Sunday, September 25, 2016
Sunday, September 18, 2016
Saturday, September 17, 2016
သေတဲ့အထိ လေမဖြတ့်တဲ့ဆေးနည်း . . .
သေတဲ့အထိ လေမဖြတ့်တဲ့ဆေးနည်း
......................................................
ဆေးနည်းလေးမျှဝေချင်ပါတယ်
လွန်ခဲ့တဲ့ ၉နှစ့်လောက့်က နက္ခတရောင်ခြည် မဂ္ဂဇင်း စာအုပ့်ကို လစဉ် ထွက့်တာနဲ့ ဝယ်ပြီးဖတ့်တယ် ။ အဲထည်မှာက ဗဟုသုတ မှတ့်သားဖွယ်ရာ တွေ အကိုးကား နဲ့ ပါလေ့ရှိတယ် ။
မှတ့်ထားမိတာလေး ပြန်လည်မျှဝေ ဒါပါ ကိုကိုယ်တိုင်လည်း သောက့်သုံးဖူးတယ်။ အရသာက တော့ တော်တော် ခါးတယ်ဗျ အဲ့လိုလွယ်လွယ်ကူကူ နဲ့ မှီဝဲရ တာလည်း ဝါသနာပါတယ် ။
လိပ့်စာ အတိ့ကျ တော့မမှတ့်မိတော့ပါဘူး မုံရွာနယ်က ကျေးရွာ တရွာက တောကျောင်း ဘုန်းတော်ကြီးတပါးရဲ့ ဆေးနည်လေပါ
ဖြစ့်စင်ကတော့ မုံရွာ-မန္တလေး ကားမောင်းသမား တယောက်ဟာ နေဒဓူဝ ကားမောင်းရတဲ့ အဖြစ့်ကနေ ကိုယ်တချမ်း သေပြီး လေဖြတ့်တယ်ဆိုပါတော့ ။ ဆေးရုံ ဆေးခန်း ပေါင်းများစွာ ဆေးကု့ပေါ့ သို့သော်လည် အကောင်းတိုင်ပြန်မဖြစ့်တော့ပါဘူး ။ ဒီလိုနဲ့ တယောက့်စကား တယောက့်နား ဆိုသလို ထိုဘုန်းတော်ကြီး ရှိ့တဲ့ တောကျောင်းကို မျှော်လင့်ချက့်များစွာနဲ့ ရောက့်သွားချိန်မှာတော့ ဆရာတော်ကြီး ပေးတဲ့ ဆေးနည်ကို မယုံတဝက့် ယုံတဝက့်နဲ့ ဖော်စပ့်ပြီး ဝေဒနာ ရှင်ဟာ သုံးဆောင်ပါသတဲ့ နှစ်လလောက့် သောက့်ပြီးချိန်မှာ ထူးခြားစွာ လမ်းလျောက့်နိုင်ပီး ရောဂါ ပြောက့်သွားပါသတဲ့
ဆေးနည်းကတော့ ဒီလို အချိုးကျ ဖော်စပ့်ယုံပါဘဲ
ဆင်တုံးမနွယ် အစို လက့်တညို တဆစ့် ဖြတ့် ငါးကျပ့်သား
ရေချက့်အေ ငပျောဖူးပုလင်း နှစ်ပုလင်း ( မန္တလေး ဘီယာ ပုလင်း ပုံစံမျိုးကို ) ငပျောဖူး ပုလင်းဟုခေါ်သည် ။
ထန်းလျက့် ငါးကျပ့်သား ဆားတဇွန်း
ရှောက့်နူသီး နှစ့်လုံး ရှောက့်ဘီလူးသီ ဟု့လည်းခေါ်ကြသည် ။
ရှမ်းပြည်နယ်မှာ ပေါပါတယ် ။
ထိုင်းနိုင်ငံမှာ ထို ရှောက့်ဘီးလူသီးများ အိမ်တိုင်ရှိကြသည် ။
ဟင်လျာထည်မှာ ထည့်၍ ချက့်ကြသည် ။
ထိုသုံးမျိုးကို ဆတူ ရော၍ တပတ့်တိတိ့ အဖုံးလုံသော ဗူးဖြင့် ပိတ်ကာ ထားပြီး တနေကို ညမအိပ့်ခင် ရေနွေး အကြမ်း ပုဂံ စတီဇွန်း ၂ ဇွန်းစာ လောက့်ပေါ့ နေစဉ် သောက့်သုံးရင်းဖြင့်
မျက့်စိ့မှုံခြင်း အကျောတက့်ခြင်း ခြေလက့်ညောင်းညာခြင်း မလန်းစန်း၍ စိတ့်မအီမသာဖြစ့်ခြင်း အိပ်မပျော်၍ ထိုင်းမှိုင်းခြင်း တို့ကို လက့်တွေပျောက့်ကင်းပါတယ်ခင်ဗျာ ။ သွေး လေ လည်ပတ့် မျှတ မှု ကောင်းတာကြောင့် သုံးဆောင်နေခြင်းဖြင့် ဒီတသက့် လေဖြတ့်တဲ့ ရောဂါ မဖြစ့်ကြောင်း ထိုဆရာတော်ကြီးက အာမခံပါသတဲ့။
Credit; မူရင်းပိုင်ရှင်များ
ဝေဒနာ ရှင်ဟာ ၆လ လောက့်ဆွဲပီ သောက့်လိုက်ရာ အရင်တိုင်းဘဲ ကားမောင်တဲ့ အလုပ့်ကို အကောင်းပကဓိ အတိုင်း ပြန်လုပ်နိုင်ပြီး မိ့သားစုနှင့် ပျော်ရွှင်စွာ ဝင်ငွေ မပျက့် ရှာနိုင်ပါသတဲ့ ။
Subscribe to:
Posts (Atom)